IT CAMP UCSMONYWA
၂၀၁၉ ခုနှစ် မတ်လ (၂) ရက် နှင့် (၃) ရက်နေ့တွင် ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ပထမအကြိမ် IT Camp ပွဲလေးကို ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲတွင် သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးမှ တာ၀န်ရှိလူကြီးမင်းများနှင့် နည်းပညာရှင်များမှ ဟောပြောခဲ့ကြပြီး အတန်းအသီးသီးမှ ကျောင်းသား/သူများမှ တက်ရောက်နားထောင်ပြီး ပါ၀င်ဆွေးနွေးခဲ့ကြပါသည်။ ပွဲဖြစ်မြောက်အောင် အဘက်ဘက်မှ ကူညီပေးကြသူများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးတို့ကို ကျေးဇူးတင်ရှိပါကြောင်း ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) မိသားစုမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။